Friday, December 26, 2008

ဒဂုံတက္ကသိုလ် သင်ပုန်းကြီး ဖတ်စာ ....





Wednesday, September 10, 2008

Hayyy Guy

If this doesn't make you laugh you have serious problems.



























Have a Great Day... and remember... Laugh a little.........!!!!!!!!

Sunday, August 31, 2008

Just For Fun

သို့ /

အကြောင်းအရာ။..........။ ချစ်သူရာထူးမှ နုတ်ထွက်ခြင်း

ကျွန်တော်မျိုး တာဝန်ထမ်းဆောင်သည့် တစ်နှစ်သာကာလအတွင်း သခင်အပါး အမြဲခစား လေ့လာသင်ယူခဲ့၏။ အမိန့်တော် နာခံခဲ့၏။ သခင့်အလို အမြဲဖြည့်ဆည်းခဲ့၏။ နေကောင်းကျန်းမာပါသလားဟု အမြဲ မေးမြန်းလျှောက်တင်ခဲ့ရ၏။

တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း အချစ်ခံရသူအဖြစ် သခင်ခံစားစေရန် ကျွန်တော်မျိုးမှာ စောင့်စားခြင်း၊ ကြိုပို့ခြင်း၊ အဖော်လုပ်ခြင်း စသည် အလုပ်များကို လုပ်ခဲ့သည့်အပြင် သခင်ဝယ်သမျှ အသပြာလိုက်လံ ပေးဆပ်ခဲ့ရ၏။ သခင်စိတ်တော် မညိုးနွမ်းအောင် မကြာခဏ လက်ဆောင်ပဏ္ဍာ ဆက်သရ၏။

ချစ်သူဟူသော တာဝန်ကို ထမ်းဆောင်စဉ် စိတ်နှလုံးကြီးမြတ်ရ၏။ နွေးနွေးထွေးထွေး ဆက်ဆံရ၏။ ဂရုတစိုက် ယုယရ၏။ တစ်ခြားအမျိုးသားများနှင့် သခင်စကားလက်ဆုံကျလျှင် (သို့) သူတို့ကိုတော်ကြောင်း၊ တတ်ကြောင်း သခင်ချီးကျူးလျှင် မနာလို ဝန်တိုစိတ်မရှိရ။

တာဝန်ထမ်းဆောင်နေစဉ် အမှားလုပ်ခဲ့မိလျှင်သော် လည်းကောင်း၊ သခင်နှင့် အငြင်းပွားမိလျှင်သော် လည်းကောင်း ကျွန်တော်မျိုးအား အလုပ်ထုတ်ရန် သခင်အမိန့်ချ ဆုံးဖြတ်ခဲ့သော်လည်း နောင်နောက် ၄င်းအမှားမျိုး မလုပ်မိအောင် ကျွန်တော်မျိုး ဆင်ခြင်ပါ့မည်ဟု ဝန်ခံဂတိပေးပြီး ဤတာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့၏။

တစ်နှစ်သာကာလအထိ ဤတာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်အောင် အခွင့်အရေးပေးခဲ့သော သခင်အား ကျေးဇူးတင်လှပါသည်။

သို့သော် ဤတာဝန်သည် ကျွန်တော်မျိုးနှင့် မအပ်စပ်လှသောကြောင့် ကျွန်တော်မျိုးအား သူငယ်ချင်းအဆင့်သို့ လျှော့ချပေးပါရန် တောင်းဆိုလျှောက်တင်ပါသည်။

သူငယ်ချင်းများနှင့် ရယ်ရယ်မောမော သခင်ပျော်ပါး၏။ မကြာခဏ သူတို့နှင့် သခင် တွေ့ဆုံစားသောက်၏။ ထိုသူငယ်ချင်းများကို ကျွန်တော်မျိုး အားကျပါသည်။ သူငယ်ချင်း တာဝန်မှာ သခင့်အပါး အမြဲခစားစရာ မလို။ ယခုဖုန်းဆက် ယခုအပါးတော် ရောက်စရာမလို။ ကြိုပို့စရာ မလို။ ငွေရှင်းစရာ မလို။ လက်ဆောင်ပဏ္ဍာ ဆက်သရန် မလို။ သခင် မျက်ကွယ်ပြုမှု ခံစရာမလို။ နေခြည်ပမာ ကြည်လင်သော သခင့်အပြုံးကို သူတို့ အမြဲ ဖူးမြင်ရ၏။ ချိုသာသော သခင့်စကားကို သူတို့နားဆင်ရ၏။

သို့သော် ချစ်သူတာဝန်ကို ထမ်းဆောင်ထားရသော ကျွန်တော်မျိုး၏ တာဝန်မှာ တစ်နေ့တစ်ခြား ကြီးလေးလာသည့်အပြင် ကောင်းမွန်သော ဆက်ဆံမှုမျိုး မရရှိခဲ့၊ ထိုကဲ့သို့ ချစ်ခင်နှစ်လိုသော စကားများ မကြားခဲ့ရ၊ သူငယ်ချင်းထက်ပိုသော ဂရုစိုက်မှုမျိုး မခံစားခဲ့ရ၊ လက်ဆောင်ပဏ္ဍာ ပေးသနားခြင်းလည်း မရှိခဲ့၊........ ၊ ......

ထို့ကြောင့် ချစ်သူရာထူးမှ နုတ်ထွက်ပြီး သူငယ်ချင်းအဆင့်သို့ လျှော့ချပေးပါရန် အနူးအညွှတ် တောင်းဆိုအပ်ပါသည်။

လေးစားစွာဖြင့်
သခင့်အပေါ် သစ္စာရှိရှိ တာဝန်ထမ်းဆောင်ခဲ့သော
ဝန်ထမ်းတစ်ဦး

၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉ ၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉
 

သို့ /

အကြောင်းအရာ။.........။ ရာထူးနုတ်ထွက်သူအား ပြန်ကြားစာ

ချစ်သူရာထူးမှ နုတ်ထွက်ပြီး သူငယ်ချင်းအဆင့်သို့ လျှော့ချပေးရန် လျှောက်တင်ထားသော အသင်၏ စာအား ဖတ်ရှုပြီးနောက် အထက်လူကြီး အုပ်ထိန်းသူမိဘများနှင့် အစည်းအဝေးပြုလုပ်ခဲ့သည်။ ရှင်းလင်းချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

အသင်လာရောက် တွေ့ဆုံမေးမြန်းစဉ်က ချစ်သူဟူသည့် တာဝန်ဖြစ်သည်။ သူငယ်ချင်း မဟုတ်ဟု အလုပ် စလျှောက်စဉ်က အသင်တောင်းဆိုခဲ့သည်။ အသင်အား စမ်းသပ်ကာလမှာပင် အသင်၏ တာဝန်ယူညံ့ဖျင်းမှုကြောင့် အလုပ်ထုတ်ခံရလုနီးနီး ဖြစ်ခဲ့သော်လည်း ကြိုးစားစွမ်းဆောင်ပြီး အမှုတော်ထမ်းပါမည်ဟု အသင်၏ ဝမ်းနည်းပက်လက်တောင်းဆို ဝန်ခံဂတိပေးမှုကြောင့် ဤရာထူးကို ခန့်အပ်ခဲ့သည်။

ချစ်သူဟူသည်မှာ အချိန်ပြည့် အလုပ်ဖြစ်သည်။ အချိန်ပိုင်းအလုပ်ဖြစ်သည့် သူငယ်ချင်းနှင့်မတူပေ။ ထို့ကြောင့် အလုပ်တာဝန်မှာ သူငယ်ချင်းထက် ပိုများရခြင်းဖြစ်သည်။ ထို့အတူ လစာနှင့် ခံစားထိုက်သည့် အခွင့်အရေးမှာလည်း သူငယ်ချင်းထက် ပိုခဲ့သည်။ ဥပမာ- ပွေ့ဖက်ခြင်း၊ နမ်းရှုံ့ခြင်း၊ အထက်အကြီးအကဲ မိဘများနှင့် ညစာအတူစားခြင်း ... စသည့်စသည့် အခွင့်အရေးများအပြင် အဘိုး၊ အဖေ၊ လင်ယောက်ျားအဖြင့်သို့ ရာထူးတက်နိုင်သေးသည်။ ဤသည်မှာ သူငယ်ချင်းများ လုံးဝမရနိုင်သော အခွင့်အရေးဖြစ်သည်။

နောက်ဆုံးပြောကြားလိုသည်မှာ ယခုလက်ရှိ သူငယ်ချင်းနေရာတွင် နေရာလွတ် မရှိသေးပေ။ ချစ်သူနေရာကိုလည်း လစ်ဟင်းထား၍မဖြစ်။ ထို့ကြောင့် ချစ်သူနေရာတွင် လူစားရှာမရသရွေ့ (သို့) တာဝန်ထမ်းဆောင်လိုသူ မရှိသရွေ့ အသင်အား အရံနေရာသို့ ပြောင်းရွေ့ထားမည်ဖြစ်သည်။ အရံဟူသည်မှာ သခင့်အပါး နေ့တိုင်းခစားစရာ မလိုသောကြောင့် တာဝန်နှင့်ဖိစီးနေသော အသင့်စိတ်အား ခေတ္တခဏ ဖြေဖျောက်နိုင်သည်။

ချစ်သူ့တာဝန်အား လွဲပြောင်းသူပေါ်လာမှ အသင့်အား လိုအပ်သည့်နေရာ - ဥပမာ- သူငယ်ချင်းနေရာသို့ ပြောင်းရွေ့ပေးမည်။ သို့မဟုတ် အသင်သဘောနှင့် အသင် လုံးဝထွက်ခွာမည်ဆိုလည်း ရ၏။ ကိုယ့်သဘောနှင့်ကိုယ် ထွက်ခွာခြင်းသည် လျှော်ကြေးမရကြောင်း အသိပေးအပ်ပါသည်။

ဤတစ်နှစ်သာ ကာလအတွင်း အသင်၏ကြိုးစားမှုအား ကျေးဇူးတင်ပါသည်။
အထက်မိဘ လူကြီးများကိုယ်စား
အဖွဲ့ဝင်တစ်ဦး

Saturday, August 2, 2008

Difference Types of Girls

CD-ROM GIRLS

She is always faster and faster. 

*********** 

EMAIL GIRLS

Every ten things she says, eight are nonsense . 

*********** 

HARD DISK GIRLS

she remembers everything, FOREVER 

*********** 

INTERNET GIRLS

Difficult to access 

*********** 

MULTIMEDIA GIRLS

She make horrible thing look beautiful 

*********** 

SCREENSAVER GIRLS

She is good for nothing but at least she is fun 

*********** 

RAM GIRLS

she forget about you, the moment turn her off 

*********** 

WINDOW GIRLS

everyone know that she can't do a thing right, but no one can live without her. 

*********** 

VIRUS GIRLS

Also known as "wife'' when u are not expecting her, she comes, install herself and uses all ur resources. If u try to uninstall her u will lose something, if u don't try 2 uninstall her you will lose everything.. . 

*********** 

SERVER GIRLS

Always busy when you need her.

Just for Funds

လူဆိုးဂိုဏ်းခေါင်းဆောင်ရဲ့သား စာမေးပွဲကျတဲ့အခါ သူ့ဖခင်ကို ဘာပြောသလဲဆိုတော့...
"ဖေဖေ... သူတို့ သားကို ၃ နာရီတောင် မေးခွန်းတွေမေးတယ်။ သားဘာတစ်ခုမှ ပြန်မဖြေ ခဲ့ဘူး..."

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မေးခွန်း ~ ဘုရားမှာ ဆုတောင်းနေကြတဲ့သူတွေနဲ့ ကာစီနို(လောင်းကစားရုံ)မှာ ဆုတောင်းနေကြတဲ့သူတွေ ဘာကွာခြားပါသလဲ?
အဖြေ ~ ကာစီနိုမှာ ဆုတောင်းနေတဲ့သူတွေက ပိုပြီး လေးလေးနက်နက် ရှိကြပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သားငယ်လေးက သူ့ဖခင်ကို မေးပါတယ်။
သားလေး ~ ဖေဖေ... သားရဲ့ စဉ်းစားဥာဏ်တွေ ဘယ်သူ့ဆီက ရတာလဲဟင်?
ဖခင် ~ အင်း... မင်းမေမေဆီက ရတာပဲ ဖြစ်မှာသားရဲ့။ ဘာလို့လဲဆိုတော့ ဖေဖေ့မှာ စဉ်းစားဥာဏ်ရှိနေတုန်းပဲလေ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဂျင်မီရဲ့ ဆရာမက သူ့မိခင်ဆီကို စာတိုလေးတစ်စောင် ရေးလိုက်ပါတယ်။
"ဂျင်မီက ဥာဏ်သိပ်ကောင်းတဲ့ကောင်လေးပါ။ ဒါပေမယ့် ကောင်မလေးတွေ အကြောင်း စဉ်းစားရင်းနဲ့ပဲ အချိန်ကုန်တာ များနေပါတယ်။"
နောက်တစ်နေ့မှာ ဂျင်မီ့မိခင်က ဆရာမဆီကို စာပြန်လိုက်ပါတယ်။
"အဲဒါကို ဖြေရှင်းဖို့နည်းလမ်းတွေ့ရင် ကျွန်မကိုလည်း အကြံပေးပါဦး ဆရာမရယ်။ ကျွန်မလည်း သူ့အဖေနဲ့ပတ်သက်ပြီး အလားတူ ပြဿနာမျိုး
ကြုံနေရလို့ပါ..."

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လူနားး အသက်ရှည်ရှည် နေနိုင်ဖို့ နည်းလမ်းလေးများ ရှိလားဆရာ?
ဆရာဝန်းး အိမ်ထောင်ပြုလိုက်ပါ...
လူနားး အဲဒါက တကယ်အသက်ရှည်စေတယ်လား ဆရာ?
ဆရာဝန်းး အသက်တော့ မရှည်ပါဘူး။ အသက်ရှည်ရှည် နေချင်စိတ်တော့ ထပ်ဖြစ်လာတော့မှာ မဟုတ်ဘူး။

အမေး ~ မင်္ဂလာပွဲမှာ စုံတွဲတွေ ဘာလို့ တစ်ယောက်လက်ကို တစ်ယောက် ကိုင်လေ့ရှိကြသလဲ။
အဖြေ ~ ဒါက ထုံးတမ်းအစဉ်အလာ တစ်ခုပါပဲ။ လက်ဝှေ့သမားတွေ မသတ်ပုတ်ခင်မှာ လက်ဆွဲနှုတ်ဆက်ကြသလိုမျိုးပေါ့။

ဇနီးးး မောင် ဒီနေ့က ခင်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နော်။ ဘာလုပ်ကြရင် ကောင်းမလဲဟင်?
ခင်ပွန်းးး (၂)မိနစ်လောက် (၀မ်းနည်းခြင်း အထိန်းအမှတ်နဲ့) ငြိမ်သက်နေကြတာပေါ့ကွာ။

လူတွေ "ချစ်လို့လက်ထပ်တာ" နဲ့ "မိဘတွေစီစဉ်မှုကြောင့် လက်ထပ်တာ" ကွာခြားပုံအကြောင်း ဆွေးနွေးနေရင် ရယ်စရာ ကောင်းပါတယ်။ ဘာလို့လည်းဆိုတော့ အဲဒါက လူတစ်ယောက်ကို "ကိုယ့်ကိုကိုယ် သတ်သေတာ" နဲ့ "အသတ်ခံရတာ" ဘယ်ဟာပိုကောင်းလဲလို့ မေးတာနဲ့ အလားသဏ္ဍာန် တူလို့ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဟာသဇာတ်လမ်း(၁)

မင်္ဂလာပွဲရဲ့ ပရိသတ်အားလုံးဟာ ဖခင်ဖြစ်သူက သတို့သားရှိရာဆီကို မင်းလမ်းတလျှောက် တွဲခေါ်လာတဲ့ လှလှပပသတို့သမီးလေးကို ငေးကြည့်နေကြ ပါတယ်။ သူတို့နှစ်ယောက် သတို့သားရှိရာ စင်မြင့်ပေါ်ရောက်တဲ့အခါ သတို့သမီးက သူ့ဖခင်ကို ညင်ညင်သာသာနမ်းလိုက်ပြီး လက်ထဲကို တစ်စုံတစ်ခု ထည့်ပေးလိုက်ပါတယ်။ ကြည့်နေတဲ့ ဧည့်ပရိသတ်တွေဟာ သတို့သမီးလေး သူ့ဖခင်ရဲ့လက်ထဲကို ဘာထည့်ပေးလိုက်သလဲဆိုတာ သိပ်သိချင်သွားကြပါတယ်။ ဘာလဲဆိုတာကို ပြောပြစေချင်တဲ့ အကြည့်တွေနဲ့ ၀ိုင်းကြည့်နေတဲ့ မျက်လုံးတွေကြောင့် ဖခင်ဖြစ်သူဟာလည်း လူတွေသိပ်သိချင်နေမှန်း ရိပ်မိသွားပြီး ကြေညာလိုက်ပါတော့တယ်။
"ဧည့်ပရိသတ်များ ခင်ဗျာ... ဒီနေ့ဟာ ကျွန်တော့်ဘ၀ရဲ့ ကံအကောင်းဆုံးနေ့ပါ... " ပြောရင်း သူ့သမီးပေးတဲ့ ပစ္စည်းလေးဆုပ်ကိုင်ထားတဲ့ လက်ကိုမြှောက်ပြလိုက်ပြီး "နောက်ဆုံးတော့ ကျွန်တော့သမီးလေး ကျွန်တော့ Credit Card ကို ပြန်ပေးပါပြီဗျာ..."
လက်ထပ်ပေးမယ့် ဘုန်းတော်ကြီး အပါအ၀င် ဧည့်ပရိသတ်အားလုံး ရယ်ကြပါတော့တယ်။ သတို့သားက လွဲရင်ပေါ့လေ...

Thursday, July 31, 2008

Nice Sentences


3 Easy Ways to Die :


Take a Cigar daily - You will die 10 years early.

Drink Rum daily - You will die 30 years early.

Love Someone Truly - You will die daily.




1. A foolish man tells a woman to STOP talking, but a WISE man tells

her that she looks extremely BEAUTIFUL when her LIPS are CLOSED.




2.. One GOOD way to REDUCE Alcohol consumption :

Before Marriage - Drink whenever you are SAD

After Marriage - Drink whenever you are HAPPY



3. Three FASTEST means of Communication :

1. Tele-Phone

2. Tele-Vision

3. Tell to Woman

Need still FASTER - Tell her NOT to tell ANYONE..



4.. Love your friends not their sisters. Love your sisters not their friends.


6.. Let us be generous like this : Four Ants are moving through a forest.

They see an ELEPHANT coming towards them.

Ant 1 says : we should KILL him.

Ant 2 says : No, Let us break his Leg alone.

Ant 3 says : No, we will just throw him away from our path..

Ant 4 says : No, we will LEAVE him because he is ALONE and we are FOUR.




7. If you do NOT have a Girl Friend - You are missing SOME thing in your life.

If you HAVE a Girl Friend - You are missing EVERY thing in your life.




8.. Question : When do you CONGRATULATE someone for their MISTAKE.

Answer : On their MARRIAGE.




9. When your LIFE is in DARKNESS, PRAY GOD and ask him to free you from Darkness.

Even after you pray, if U R still in Darkness - Please PAY the ELECTRICITY BILL.




10. Why Government do NOT allow a Man to MARRY 2 Women.

Because per Constitution, you can NOT BE PUNISHED TWICE for the same Mistake.





Wednesday, July 30, 2008

Be Positive

If you think you have huge tension, look at them.


If you think your job is touch, how about him?


If you think your salary is low, how about her?


If you think you don't have many friends,
ask yourself if you have one sincere friend?



If you think study is a burden, how about her?


When you feel like giving up, think of this man.


If you think you suffer in life, do you suffer as much as he does?



If you complaint about your transport system, how about them?



If your society is unfair to you, how about her?


Moutain Scence

This place is called Kalavaara Halli and the mountain is called Kalavaarahalli Betta (also called as Skanda Giri). It is near Chikkaballapura










Computer Humor

Female Software Programming ( Computer Humor )


Struct female_professional s
{double styles;
Short skirts;
Long time_to_understand_ problems;float mind;
Void knowledge;
Char non_co-operative;}


Struct married_females
{double weight;
Short tempered;
Long gossip;
Float hopes;
Void word;
Char unstable;}


Struct engaged_females
{double time_on_phone;
Short attention_on_ work;
Long boast;
Float on_cloud_nine;
Void understanding;
Char edgy;}


Struct newly_married_ females
{double dinner_invitation;
Short time_at_work;
Long lunch_break;
Void bank_balance;
Char hen_pecked;}


Struct husband_wife_ professionals
{double income;
Short tempered;
Long time_no_see_ each_other;
Void love_life;
Char money_making;}


Struct beautiful_city_ girl
{double boyfriends;
Short affairs;
Long stories;
Void greymatter;
Char flirt;}


Struct old_lady
{double chin;
Short memory;
Long sighs ;
Void attention_from_ men;
Char chatterbox;}

Super Sun Scences







Cable Man Statue






Really Good Picture

Computer Dependency Test

Computer Dependency Test



Here's a quick & very simple test for you to take. This just proves that we have become way too dependent on our computers.

Q: How Many Legs You Have?

To find out the answer, look down...






.
..
.
.
..
.
.
..
.
.
..
.
.
..
.
.
..
.
.
..
.
Look down, not scroll down!






P

IT Letters

IT Love Letter


ko: မိန်းမ။ ။ ရှင်က ကျွန်မကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်ဘူး။

ယောက်ျား။ ။ Set Default


မိန်းမ။ ။ ကျွန်မကို crazy အင်္ကျီလှလှလေးဝယ်ပေးမယ်ဆိုပြီး အခု မမှတ်မိတော့ဘူးလား။

ယောက်ျား။ ။ Bad command or file name



မိန်းမ။ ။ ရှင်နဲ့ ကျွန်မ ရုပ်ရှင်အတူတူ သွားမကြည့်တာလည်း ကြာပြီ။

ဒီကွန်ပျူတာ ရှေ့မှာပဲ အချိန်ဖြုန်းနေတာပဲ။ ဒါပဲနော် နောက်တစ်ပတ်ကျရင်

ရုပ်ရှင်သွားကြည့် ကြမယ်။

ယောက်ျား။ ။ Drive not ready



မိန်းမ။ ။ ထမင်းလက်ဆုံမစားရတာလဲ ကြာပြီ။ လင်မယားဆိုတာ ထမင်း အတူတူစားတော့

ပိုစားဝင်တာပေါ့။

ယောက်ျား။ ။ Access denied



မိန်းမ။ ။ ကျွန်မအမေကတောင် ယောက်ျားအပေါ်မှာ ဒီလောက် အလျှော့

ပေးရမလားဆိုပြီး ကျွန်မကို ဆူနေပြီ။

ယောက်ျား။ ။ Divide Over Flow


မိန်းမ။ ။ ရှင်စဉ်းစားကြည့်စမ်း။ ကျွန်မတို့ အိမ်ထောင်သက် ဘယ်လောက် ရှိပြီလဲဆိုတာ။

ယောက်ျား။ ။ Not enough memory


IT LOVE Letter

သို့ ချစ်ရပါသော ကောင်မလေး..


ဒီစာကို ရေးဖို့ ကြိုးစားခဲ့တာကြာပါပြီ...Connection က ခဏခဏ
Down...မီးကလည်းပျက်တစ်လှည့် မလာတစ်လှည့်မို့
ခုမှရေးနိုင်ပို့နိုင်....ဒါတောင် ရေးရင်းတန်းလန်း
ဘုရားတနေရတယ်..ဒါကြောင့် ကို ရည်းစားစာရေးရင်း
ကုသိုလ်တော်တော်ရလိုက်တယ်...သာဓုခေါ်ပေတော့..ဟီး..

ကိုယ် မင်းကို စတွေ့တွေ့ ချင်း ကိုယ့်ရဲ့ နှလုံးသားထဲကို Virus
ရုတ်တရက်ဝင်သလို..နေမထိတိုင်မသာ ဖြစ်ခဲ့ရတယ်…

ကိုယ်ရင်ထဲကှိုSpy Virus လို..Trojanုလို တိတ်တဆိတ်ဝင်လာတဲ့ အချစ်တွေက
ကိုယ်ရဲ့ Firewall ကို Hack လုပ်ပြီးဝင်လာတော့ ကိုယ်မတားဆီးနိုင်တော့ဘူး…

ကိုယ့်ရဲ့ အချစ်ကို အဖိုးမတန်ဘူးဆိုပြီး delete လုပ်ပြီး…Recycle Bin ကို
မပို့ပါနဲ့….

(Shift Delete မလုပ်တာကံကောင်းလိုလည်းမပြောပါနဲ့)
ကိုယ်ရဲ့စာကိုလည်း Spam mail ထဲ မှာလည်း မadd လိုက်ပါနဲ့..Trash
ထဲကိုလည်း တန်းပြီး Forward လုပ်မထားပါနဲ့…..

နောက်တစ်ကြိမ် ပို့လို့ မရအောင်လို့ ရည်ရွယ်ပြီးတော့လည်း Block လုပ်မထားပါနဲ့….

ကိုယ့်မှာ ဒီစာကို ပို့ ဖို့ရာ မလွယ်ဘူး…Connection
ကောင်းစောင့်ရတယ်…Web mail နဲ့ ဆိုတော့ page က တက်မလာလို့ …Refresh
လုပ်ရတာ အကြိမ်ကြိမ်….၀ှီး…ခြေကျင်တာ ပြေးပြောချင်တော့တယ်….

ဒါကြောင့် ကိုယ့်ရဲ့ အချစ်ကို အသိမှတ်ပြုသောအားဖြင့် ကိုယ်အချစ်ကိုReject
မလုပ် Accept လုပ်ဖို့ Request လုပ်ပါရစေ…ကိုယ့်နှလုံးသားပိုင်စိုးသော
ကောင်မလေးရေ…..

ကောင်လေး

End of IT Love Letter



………………………………………………………………………………………………..

Conversation with Husband & Wife


မိန်းမ။ ။ ကဲ အခုဆိုရင် ကျွန်မအမေ၊ ရှင့်ယောက္ခမက ရှင့်ကို အနိုင်ယူတဲ့

နည်းလမ်း တွေသင်ပေးဖို့ ကျွန်မတို့အိမ်ကို ၂ လ ၃ လ လောက် လာနေမယ်တဲ့။

ယောက်ျား။ ။ Insufficient disk space

အဲဒီအချိန်မှာ မိန်းမက အရမ်းစိတ်ဆိုးသွားပြီး အနားမှာရှိတဲ့ ပန်းကန်နဲ့

ယောက်ျားကို လှမ်းပစ်လိုက်ရာ နဖူးသို့ တိုက်ရိုက်ထိလေတော့သည်။

ဒီအချိန်မှာ ယောက်ျားက Now Save to turn off your computer လို့

အားရပါးရအော်ပြီး လဲကျသွားပါလေတော့သည်။

End of Conversation with Husband & Wife

…………………………………………………………………………………………..

Men VS Women


က္ကတ္ထိယခေါ် မိန်းမတို့သည်"

၁။ အမျိုးသမီးတစ်ယောက်အတွက်အရေးအကြီးဆုံးက ငွေပါပဲ။

၂။ငွေကအရေးကြီးတယ်ဆိုပေမဲ့ တန်ဖိုးကြီးအ၀တ်အထည်တွေကို
ဝယ်ပြီးဒီငွေကိုပဲသုံးဖြုံးနေကြတာပဲ။

၃။အ၀တ်အစားတွေဘယ်လောက်ပဲဝယ်ဝယ် သူတို့မှာဝတ်စရာမရှိဘူးလို့ပဲ ဆိုနေတော့တာပဲ။

၎။ဝတ်စရာမရှိဘူးလို့သာဆိုတယ်၊အပြင်ထွက်ရင်တော့ ကြော့လို့မော့လို့ပဲ။

၅။ဘယ်လောက်ပဲလှလှပပ၀တ်ရ၀တ်ရ ကျေနပ်ရောင့်ရဲတင်းတိမ်တယ်လို့မရှိဘူးပဲ။

၆။ကျေနပ်ရောင့်ရဲတင်းတိမ်မှုသာမရှိတာ အချီးအမွမ်းတော့ခံချင်သားပဲ။

၇။ချီးမွမ်းခံရပြန်တော့လည်း ချီးမွမ်းတဲ့သူကို ယုံကြည်ကြတာမဟုတ်ဘူး..။

(က္ကတ္ထိယတို့အတွက် အမှန်တရားကတော့ ဟ ဟာ ဟား) ပါခင်ဗျား..။



"ပုရိသခေါ် ယောင်္ကျားတို့သည်"

၁။ယောင်္ကျားတွေဟာအလွန်အလုပ်များကြပါတယ်..။

၂။အလုပ်သာမအားတယ် မိန်းခလေးတွေအတွက်တော့ အချိန်ရှိသား..။

၃။အမျိုးသမီးတွေအတွက် အချိန်ပေးပေမဲ့ တကယ်တမ်းဂရုစိုက်ကြတာမဟုတ်ဘူး..။

၎။ဂရုသာမစိုက်ကြပေမဲ့ ဘေးမှာတော့ တစ်ယောက်အမြဲတွဲလျက်ပါပြီးသား..။

၅။ဘေးကသာတစ်ယောက်ပါနေပေမဲ့ နောက်တစ်ယောက်ကိုတော့အမြဲလက်တည့်စမ်းချင်ကြတာချည်းပဲ..။

၆။သူတို့ကသာသစ္စာမရှိတာ ၊ သူတို့ကိုစွန့်ပစ်သွားအခံရခက်တတ်ကြသားပဲ။

၇။အခံရခက်တတ်ကြပေမဲ့ ဘယ်တော့မှပြုပြင်တယ်မရှိပဲတွေ့သမျှအမြဲလက်တည့်စမ်းနေကြတာပဲ။

(ယောင်္ကျားတွေအတွက် အမှန်တရားက တော့ ငါ့ ငါ ငါး ) ငါ ပါပဲခင်ဗျား..။

End of Men VS Women

……………………………………………………………………………………………………………



If U Love IT Profession………U Should……….



ကွန်ပျူတာသမားလေးတစ်ယောက်ကို ချစ်မိရင်....................



ဟုတ်တယ်...ကောင်မလေး...ကိုယ့်လိုကွန်ပျူတာသမားလေးတစ်ယောက်ကို

ချစ်မိရင်....................



ကွန်ပျူတာသမားလေးတစ်ယောက်ကို ချစ်မိရင်....................



ကွန်ပျူတာကို ကိုယ့်ချစ်သူလိုပဲ အရိပ်ကြည့်နေတတ်တယ်.......



ကွန်ပျူတာVirus ကို Antivirus တင်ပြီး move၊deletတွေလုပ် သတ်နေဖြတ်နေလို့

အချိန်ကုန်တာလည်းရှိမယ်....



ကွန်ပျူတာSoftware တစ်ခုခုကို တီထွင်ရေး...Testingလုပ်ပြီး မျောနေတာလည်ရှိမယ်.....



ကွန်ပျူတာတွေကို Netwrok ချိတ်ပြီး Manage လုပ် share,banned တွေနဲ့လည်း

နပန်းလုံးနေတတ်မယ်....



ကွန်ပျူတာကို အင်တာနက်ချိတ် chatting လုပ် Friend တွေရှာ

ဟိုအကြောင်းဒီအကြောင်းဆွေးနွေးရင်းနဲ့

မူးနေမယ်.....(Qတာမပါ....အရက်သောက်လို့မူးတာမဟုတ်...)



ကွန်ပျူတာနဲ့ အင်တာနက်ထဲမှာ ကဗျာ၊၀တ္ထုတွေရေး....စာပေနဲ့မွေလျော်နေရင်း

ပျော်နေတတ်မယ်....



ဒါမှမဟုတ် Blog တွေရေးပြီး အလုပ်ရှုတ်နေတတ်မယ်.....



တစ်ခါတလေ Forum ထဲမှာ စလိုက်နောက်လိုက် သူငယ်ချင်းအပေါင်းသင်းများနဲ့

အကြောင်းအရာစုံလေကန်ရင်ကန်နေမယ်.....



တစ်ခါတရံ Game ဆော့ပြီး စိတ်ဖိစိးမှုတွေ လျှော့ချင်လျှော့နေမယ်.....



ကဲ..ကောင်မလေးရေ....ကွန်ပျူတာသမားလေးတစ်ယောက်ကို

နားလည်နိုင်ပါစေ....ကွန်ပျူတာအင်တာနက်ကို ချစ်သလို မင်းကို

အဲဒီထက်ပိုတယ်ဆိုတာလည်း ရင်ထဲမှာ

စွဲစွဲမြဲမြဲမှတ်ထားပါဦး....ချစ်သောကောင်မလေး.....

End of If U Love IT Profession………U Should……….

……………………………………………………………………………………



သို့ /

ပန်းလေးလှတော့ လိပ်ပြာတွေ ဝဲတယ်တဲ့။ သိုးငယ်လေးလို ဖြူစင်ပြီး သမင်မျက်လုံးမှာ ဇင်ယော်တောင် မျက်ခုံးလေးနဲ့ ငါးရံ့ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားတဲ့ သူကလေးကို ချစ်မိသူထဲမှာ ကိုလဲ အပါအဝင်ပေါ့။ သူလေးမိဘတွေရဲ့ ပြည့်စုံမှုကြောင့် တပါးသူတွေ ဆင်ကြံကြံ ဝံပုလွေချောင်း ချောင်းနေကြပေမယ့် ကိုကတော့ ရိုးသားစွာ ချစ်တာပါ။ သူလေးရဲ့ စွန်ရဲလို စူးရှတဲ့ အကြည့်တွေမှာ အကြိမ်ကြိမ် ကျရုံးခဲ့သူလေ။ ပေတစ်သီး ၊ ကျီးတစ်သားလို ပေါက်ဖွားလာတဲ့ ကို့ရဲ့အချစ်ပါ။ ကိုကတော့ ဥစ္စချော ရုပ်ပေါ ၊ ဘဲလိုအသံ ၊ ကျွဲလိုအသား ၊ ဇီးကွက်မျက်လုံး ၊ လိပ်ခါးနဲ့ ဖားဖင် ငါးပါးကြံအင်လက္ခဏာ ပြည့်စုံသူပါ။ ဒါပေမယ့် ခြင်္သေ့လို တည်ကြည်ပြီး ကျားလို ရဲရင့်သူနော်။ ဘဝပေးအခြေအနေကြောင့် ကျီးကန်းနဲ့ ဗျိုင်း တုနှိုင်းလို့ မရနိုင်တာကြောင့် ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ဝံ့ သလိုတော့ ဖြစ်မိသား။ မိချောင်းမင်း ရေခင်းပြတာမဟုတ်ပေမယ့် သူလေးသေချာ စဉ်းစားဆုံးဖြတ်ပါ။ အချိန်အတိုင်းအတာ တစ်ခုရောက်ရင်တော့ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်မယ့် အဖြေလေးပေးပေါ့။ အဖြေမရမချင်း ဝက်အစာတောင်းသလို တကျီကျီ မအီမိအောင် ကျိုးစားထိန်းနိုင်ပေမယ့် ခွေးနေရာမရသလို နေမထိထိုင်မသာတော့ ဖြစ်နေရမှာပါ။ ညည အိမ်မက်ထဲမှာလေ... သူလေးနဲ့ကို လားကြီးစီးလို့ ကမ္ဘာအပြင်ဘက်ကို သွားကြတယ်တဲ့။ သူလေးအတိတ်မှာ မှားခဲ့တာတွေရှိရင်တောင် ကို့ဘဝတစ်ခုလုံး နွားအဖြစ်ခံပြီး သားပိုက်ကောင်လို ကို့ရင်ခွင်ထဲမှာ သူလေးကိုထားပြီး ကြောင်လေးကို ယုယသလို ယုယမှု လေးတွေ ပေးချင်တယ်ကွာ။ သူလေးရဲ့ မေတ္တာတွေနဲ့ တုန့်ပြန်လာမယ့် စာကလေးကို သစ်ကုလားအုပ်လို အမျှော်လင့်ကြီး မျှော်လင့်နေမယ်နော်။ ကိုမျှော်လင့်သလိုလေး ဖြစ်လာရင်တော့ ငါးသလောက်ပြုံးလေးနဲ့ မြင်းတစ်ကောင်လို အပြေးလေးလာခဲ့မယ် သူလေးရယ်....

ယခုရည်းစားစာအား ဖတ်ပြီးပါက မိမိချစ်သူထံသို့ အမြန်ဆုံးပေးပို့ပါ။ မပို့မိပါက သင်၏ နောင်ဘဝသည် အနီရောင် စာသားများထဲမှ တစ်ခုခုဖြစ်လိမ့်မည်။ ဟီး :D နောက်တာပါဗျာ။

…………………………………………………………………………………………………..



***တစ်ခါပြုံးရင် တစ်ရက် အသက်ရှည်ပါတယ်တဲ့.အခါခါပြုံးရင်း အသက်ရှည်နိုင်ပါစေ ***
--

(^_^)
-



Hein Win Aung


FW: SHK

Wednesday, July 23, 2008

Rzar Ni and Ah nge



Tuesday, July 22, 2008

LetterToEmployee


http://groups.yahoo.com/group/fun_and_fun_only